History of Polycom

21
Nov

Polycom ဆိုတာ နိုင်ငံပေါင်းစုံပါဝင်ပြီး ရုပ်သံနဲ့ ဆက်သွယ်ရေးနည်းပညာတွေကို develop လုပ်နေတဲ့ Company တစ်ခုဖြစ်ပါတယ်။ ပျမ်းမျှ ၀န်ထမ်းပေါင်း ၃၈၀၀ ကျော်နဲ့ လည်ပတ်နေ ပြီး နှစ်စဉ် ပျမ်းမျှ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁.၄ မီလီယံ ရှိပါတယ်။ Video & audio Conferencing နယ်ပယ်မှာတော့သူဟာ အကြီးမားဆုံး Company တစ်ခုပါပဲ။ July လ 2016 တွင် ပုဂ္ဂလိက ရှယ်ယာ Company တစ်ခု ဖြစ်တဲ့ Siris Capital Group က၀ယ်ယူခဲ့သည်။

Polycom Company ကို ၁၉၉၀ ခုနှစ်တွင် PictureTel Cooperation တွင် တွဲဖက်လုပ်ကိုင်ခဲ့ဖူးသော Brian L Hinman နှင့် Jeffrey Rodman တို့မှပူးပေါင်း ထူထောင်ခဲ့သည်။ 2016 ခုနှစ်တွင် တယ်လီဖုန်းဆက်သွယ်ရေးအမှုဆောင် အရာရှိ Mary McDowell က CEO အဖြစ်တာဝန်ယူခဲ့ပါတယ်။ Mary McDowell သည် HP နှင့် Nokia ကဲ့သို့သော နာမည်ကြီး IT Company များတွင် အလုပ်လုပ်ခဲ့ဖူးသည်။ Polycom Company သည် 1998 ခုနှစ်တွင် Video Conferencing နယ်ပယ်သို့စတင်ဝင်ရောက်ခဲ့သည်။ 2000 ခုနှစ်တွင် Polycom ViaVideo လို့ခေါ်တဲ့ personal desktop video conferencing appliance တစ်ခုကို မိတ်ဆက်ခဲ့သည်။

2001 Feb တွင် Accord Networks ကို Polycom Company က ၀ယ်ယူခဲ့ပြီး 2006 ခုနှစ်တွင် Polycom က သူ့ရဲ့ပထမဆုံး high definition video conferencing system ကိုစတင်မိတ်ဆက်ခဲ့သည်။ Polycom Brand သည် Video & audio Conferencing နယ်ပယ်တွင် နာမည်ရသော Service Provider တစ်ခုဖြစ်ပြီး လူကြီးမင်းတို့ ၏ စီးပွားရေးလုပ်ငန်း လုပ်ငန်းများအတွက် အထောက်အကူပြူစေမည့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများကို ထောက်ပံ့ပေးနေသော Company ဖြစ်သည်။ အရေးကြီး Meeting များ ပြုလုပ်ရန် အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် နိုင်ငံရပ်ခြားသို့သွားရောက်စရာမလိုဘဲ မိမိ ရုံးခန်းထဲံမှပင် ကြည်လင်ပြတ်သားသော အရုပ် / အသံတို့ဖြင့် Meeting ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် စာသင်ကြားရေးလုပ်ငန်းများတွင်လည်း ပိုမို ထိရောက်စွာ သင်ကြားနိုင်မည်ဖြစ်သည်။ များမကြာမီတွင် Polycom Product နှင့် Polycom service များ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ စာသင်ကျောင်းများအနေဖြင့် Polycom services များကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

Polycom product များ၏ အားသာချက်များမှာ ပုံမှန် Skype ကဲ့သို့သော ဆက်သွယ်ရေး service များထက် ရုပ် ကော အသံပါပိုမိုကြည်လင်ခြင်း ၊ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် အဝေးတစ်နေရာသို့ ထိထိရောက်ရောက်ဆက်သွယ် နိုင်ခြင်း ၊ conferencing system ဖြစ်သည့်အတွက် ၂ဦးထက်ပိုပြီး ၀ိုင်းဖွဲ့ အသုံးပြုနိုင်ခြင်း စတဲ့အားသာချက် တွေ ရှိပါတယ်။ ယခုအခါ Polycom ကို နိုင်ငံတကာတွင် အသုံးပြုနေပြီး မြန်မာနိုင်ငံသို့လည်း မကြာမီရောက်ရှိလာမည်ဖြစ်သည်။

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>