(လုပ်ငန်းသုံး Laptop ဘယ်လိုဝယ်ကြမလဲ)?

20
Jul

လုပ်ငန်းသုံး Laptop ဆိုတာ ကွန်ပျူတာဈေးကွက်မှာ တခြား Laptop တွေ နဲ့ သီးသန့်ကြီး လုံးဝကွဲထွက်နေတာမျိုးတော့မဟုတ်ပါဘူး။ မိမိလုပ်ငန်း လိုအပ်ချက်ပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုး Quality အမျိုးမျိုးရှိကြတယ်။ ထုတ်တဲ့ Company နဲ့ size ပေါ်မူတည်ပြီး Ultra Book, Note Book, Chrome Book, Pro Book စသဖြင့်နာမည်အမျိုးမျိုးကွဲပါလိမ့်မယ်။

နောက်တစ်ခုက လုပ်ငန်းသုံးဖြစ်တဲ့အတွက် ကိုယ်ရဲ့ လုပ်ငန်းမှာ နေ့စဉ်သုံး ရမဲ့ Software တွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်သင့်တယ်။ ဈေးကွက်ထဲမှာတော့ Intel CPU နဲ့ Nvidia GPU ကသာဦးဆောင်နေပါလိမ့်မယ်။ ရိုးရိုး Microsoft suite ထဲက Word တို့ Excel တို့ Power Point တို့သုံးရုံနဲ့တော့ အရမ်းကြီး ဈေးကြီးနေတာမျိုးဝယ်စရာမလိုပါဘူး။ RAM 2 GB နဲ့ i3 လောက်ဆို ရပါပြီ ပြီးတော့ ကိုယ်က Data တွေအကုန်လုံးကိုစုပြုံပြီး Laptop ထဲပဲထည့်ထားတတ်တဲ့သူဆိုရင်တော့ Hard Disk size ကြီးတာလေး ၀ယ်ပေါ့။ 500 GB ကနေ 1TB ဆို ပြီး အမျိုးမျိုးရှိပါတယ်။ နောက်ပိုင်း Laptop တွေကတော့ Hard Disk အစား SSD တွေပါလာပြီး SSD က အကြမ်းခံပြီး အလုပ်လုပ်တာ ပိုမြန်တဲ့အတွက် ဈေးကြီးပါတယ်။ သူရဲ့ အားနည်းချက်ကတော့ storage size သေးပြီးဈေးကြီး လွန်းနေတာပါပဲ။ SSD ၀ယ်မယ်ဆိုရင်တော့ အနည်းဆုံး128 GB ကနေစပြီး ဈေးကွက်ထဲမှာရှိပါလိမ့်မယ်။ CPU ကိုရွေးချယ်ရာမှာလည်း မိမိ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ i7 ကပိုကောင်းလို့ မလိုအပ်ဘဲ  i7 ၀ယ်တာမျိုးမလုပ်သင့်ပါဘူး။ Wifi နဲ့ အလုပ်လုပ် ရတဲ့သူဆိုရင်တော့ အနည်းဆုံး 2.4 GHz ကနေ 5GHz အထိ လိုင်းဆွဲအားရှိတဲ့ wireless band ပါတဲ့ Laptop မျိုးကိုရွေးချယ်ပေးပါ။ အင်ဂျင်နီယာတွေလို  ဆိုဒ်ထဲထိ Laptop ကိုယူသွားရမယ် ဆိုရင်တော့ battery သက် ကြာကြာခံတဲ့ Laptop မျိုးကိုရွေးချယ်သင့်တယ်။ battery တွေမှာတော့ 4 cell , 6 cell ကနေ 9 cell ဆိုပြီးထုတ်ထားပါတယ်။ cell များတာ ၀ယ်လေ ကြာကြာခံလေပါတယ်။ အားနည်းချက် က Battery life ကြာကြာခံတဲ့ Laptop တွေဟာ ပါးလွှာတဲ့ Design နဲ့တော့ လာမှာ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ Design လန်းတာလေးလိုချင်ရင်တော့ ကြာကြာသုံးမယ်ဆို ကျိန်းသေပေါက် ကြိုးထိုးထားရမှာပါ။ အပြင်သယ်ပြီး အလုပ်လုပ်ရမဲ့ သူတွေအတွက် Battery သက်တမ်းကြာရှည်ခံမဲ့ ဟာမျိုးကိုသာရွေးချယ် ၀ယ်ယူသင့်ပါတယ်။ သင်က Gamer တစ်ယောက် ဒါမှမဟုတ် Design သမားတစ်ယောက် ဆိုပါစို့။  GPU ကောင်းကောင်း လိုချင်တာဖြစ်တဲ့အတွက် Graphic ဦးစားပေးထုတ်တဲ့ Lap Top ကိုရွေးချယ်သင့်ပါတယ်။ နောက်ဆို VR နည်းပညာခေတ်စားလာတဲ့အတွက် VR Game ကောင်းကောင်းဆော့ချင်သူတွေအနေနဲ့ High-Powered Graphics Laptop ရွေးချယ်သင့်ပါတယ်။

Laptop တော်တော်များများရဲ့သဘောတရားက P / B / D ဆိုပြီး အကြမ်းဖျင်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ P ဆို တာ Performance ကိုပြောတာပါ။ Performance ကိုဦးစားပေးပြီးထုတ်ထားတဲ့ Laptop တွေဟာ application တော်တော်များများကို အထစ်အငေါ့မရှိ Run နိုင်ပါတယ်။ Battery Life ကတော့ အသင့်အတင့်နဲ့ အကြမ်းလည်း အထိုက်အလျောက်ခံပါတယ်။ B ဆိုတာကတော့ Battery ပါ။ Battery ကိုဦးစားပေးပြီး ထုတ်ထားတဲ့ Laptop တွေဟာ Design ကတော့ ပါးပါးလှပ်လှပ်လေးမဟုတ်နေမှာအသေအချာပါပဲ။ အများအားဖြင့် အကြမ်းခံတတ်ပါတယ်။ D ဆိုတာက Design ပါ။ Designကို ဦးစားပေးပြီး ထုတ်ထားတာဖြစ်တဲ့အတွက် အမြင်ဆန်းပြီး ပေါပေါ့ပါးပါးနဲ့ လန်းနေမှာပါ။ Battery အားသိပ်မခံဘဲ Performance ပိုင်းမှာလည်း အားနည်းတတ်ပါတယ်။ ကောင်းပြီ အဲ့တော့မေးစရာရှိပါတယ်။ Performance ရော Design ရော Battery Life ရော 3ခုလုံး အားသာတဲ့  Laptop မျိုး မရှိဘူးလားလို့မေးစရာ ရှိပါတယ်။ အဖြေက ရှိပါတယ် ဒါပေမယ့် ဈေးကတော့ ကြီးပါတယ် ဥပမာ Mac Book or Gaming Book လိုမျိုးတွေပါ။ အနည်းဆုံး 800 $ အထက်တွေပါဘဲ။ နောက်တစ်ခုက P /D /B အားလုံး အသင့်အတင့်နဲ့ ဈေးအရမ်းမကြီးတာရှိလားဆိုတော့လည်းရှိပါတယ်။ ဒါပေမယ့် ဈေးမကြီးပေမယ့် ဈေးပေါတဲ့ ထဲတော့မပါပါ ဘူး အနည်းဆုံး US 400 $ ကနေ အထက် အစားစား ရှိပါတယ်။ အရေးကြီးဆုံးအချက် ကိုမှာချင်တာက Laptop ပဲဖြစ်ဖြစ် တခြား IT ပစ္စည်း တစ်ခုခု ဘဲ ဖြစ်ဖြစ် ၀ယ်တော့မယ်ဆို  Dollar ဈေးကို အရင်ကြည့်ပါ။ အခုလို Dollar ဈေး 1300 ကျော်လောက်တက်နေတဲ့ အချိန်ဆို မ၀ယ်တာကောင်းပါတယ်။ Discount ချချိန်တို့ Dollar ဈေးကျချိန်တို့က ၀ယ်ယူဖို့ အသင့်တော်ဆုံးအချိန်တွေပါ။ နေရာမှန် ပစ္စည်းမှန်ရွေးချယ်တတ်ဖို့တော့လိုပါတယ်။ မလိုအပ်ဘဲ မ၀ယ်ပါနဲ့။ အရမ်းကြီးအရေးမကြီးရင် အချိန်ကာလတစ်ခုကိုစောင့်ပြီးဝယ်သင့်ပါတယ်။ ဒါမှ နောက်ထွက်တဲ့ Feature တွေ ကိုယ်လည်း သုံးနိုင်မှာပါ။

Dollar ဈေးကျတဲ့ချိန်ဆို နှမျောစရာကောင်းပါတယ်။ ၀ယ်မယ်ဆိုလည်း တစ်ဆိုင်ထဲ ၀င်ကြည့်ပြီး မ၀ယ်လိုက်ပါနဲ့။ တခြား ဆိုင်တွေမှာပါစုံစမ်းပါဦး။ ဈေးကတော့ ဆိုင်ကြီးတွေမှာ မကွာတတ်ပါဘူး။ အပိုပစ္စည်းတွေစုံစုံလင်လင် ရောင်းတဲ့ authorize ယူထားတဲ့ ဆိုင်မျိုးကိုရွေူးချယ်သင့်ပါတယ်။ ဒါမှသာ တစ်ခုခုချို့ယွင်းခဲ့ရင် အချိန်ကုန်သက်သက်သာသာနဲ့ အပိုပစ္စည်းတွေလဲလှယ်တပ်ဆင်နိုင်မှာပါ။ ဆိုင်က ပေးတဲ့ promotion အပို ပစ္စည်းတွေထက် ၀ယ်ပြီးသွားရင်ရမဲ့ service warranty ကို ပိုအလေးထားပါ။ သွားဝယ်တုန်းက ရွှန်းရျွှန်းဝေပြီး ၀ယ်ပြီးတော့မှ တစ်ခုခုဖြစ်ရင်ဘာမှတာဝန်မယူတတ်တဲ့ ဆိုင်မျိုး မဖြစ်လေရအောင် နားလည်တဲ့ သူတွေဆီက အကြံဥာဏ်တောင်းခံပါ။ ကို့ မိတ်ဆွေတွေထဲက သူတို့ဝယ်ဖူးတဲ့ဆိုင်တွေရဲ့ Recommend ကို ယူပါ။ ကိုယ်က ကြော်ငြာထဲမှာပဲဖြစ်ဖြစ် တွေ့ဖူးလို့ သဘောကျလို့ ၀ယ်မယ်ဆိုရင် သူရဲ့ Review ကို internet မှာအရင် ရှာကြည့်ပါ။ ဘာအားသာချက်အားနည်းချက်တွေရှိလဲ။ ကိုယ်သုံးမဲ့ ပုံစံနဲ့ကိုက်ညီရဲ့လား။ ဈေးနှုန်းကရော စသဖြင့် ချင့်ချိန်ပြီးမှဝယ်သင့်မ၀ယ်သင့်ဆုံးဖြတ်သင့်ပါတယ်။ ၀ယ်ပြီးမှ နောင်တရတယ်ဆို ဈေးချပြီး ပြန်ရောင်းရုံရလွဲ တခြားနည်းလမ်းမရှိပါဘူး။ အဲ့ဒါကြောင့်မ၀ယ်ခင်သေချာ စဉ်းစားဆုံးဖြတ်ပြီးမှ ၀ယ်တာအကောင်းဆုံးပါ။ ပြီးတော့ ကိုယ်က ဒီတစ်ခုကိုကြိုက်လို့ဝယ်မယ်ဆို  အဲ့တစ်ခုနည်းတူ တခြား Compare လုပ်လို့ရပြီး ဈေးလည်းသိပ်မကွာတဲ့ Design ရော Specification ပါတူတဲ့  Laptop တွေ၂မျိုး ၃မျိုးလောက်တွေ့ရမှာပါ။ ရွေးချယ်ရခက်နေရင် ကိုယ့်လုပ်ငန်းလိုအပ်ချက်နဲ့ ယှဉ်ပြီးရွေးချယ်ပေးပါ။

ရွေးချယ်သင့်တဲ့ Brand တွေကိုတော့ Rating ပဲပေးလိုက်ပါ့မယ်။

Dell, Lenovo (Think Pad series), MSI (for Gaming), Mac Book (for OSX)  — 5 Stars

HP, Lenovo (idea pad series), ASUS              — 4 Stars

Acer, Toshiba, Samsung, Gigabyte             — 3 Stars

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>